Saturday, November 21, 2015
27th_ASEAN_Summit_and_Related_Summits_2015
၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများဖွင့်ပွဲပြုလုပ်
၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲကို ယနေ့ (နိုဝင်ဘာ ၂၁ ရက်) နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ KLCC ၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲသို့ အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှား ၀န်ကြီးချုပ် နာဂျစ် ရာဇက်က မိန့်ခွန်း ပြောကြားခဲ့သည်။ နိုင်ငံတကာ၌ ဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှုများ အကြောင်းဖြင့် အစပြုခဲ့သော မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်၏ မိန့်ခွန်း၌ အာဆီယံ မျှော်မှန်းချက်ဖြစ်သော အာဆီယံ အသိုက်အမြုံ (ASEAN Community) စတင် ထူထောင်နိုင်ခြင်း သမိုင်းမှတ်တိုင်နှင့် အာဆီယံ၏ လက်ရှိအခြေအနေ တိုးတက်မှု၊ အနာဂတ် စိန်ခေါ်မှုများကို ထည့်သွင်း ပြောကြားခဲ့ပါသည်။ ထို့နောက် အာဆီယံ ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲကိုလည်း ဖွင့်ပွဲနှင့်အတူ ပြုလုပ်ခဲ့သည်။
Subscribe to:
Post Comments (Atom)

 
No comments:
Post a Comment