Saturday, November 21, 2015

အဒဲလ်၏ အယ်လ်ဘမ်သစ် ဂီတ၀က်ဘ်ဆိုက်များတွင် ထုတ်လွှင့်မည် မဟုတ်


 ဗြိတိန်အဆိုတော် အဒဲလ်သည် နိုဝင်ဘာ ၂၀ တွင် ဖြန့်ချိမည့် 25 အယ်လ်ဘမ်ကို လစဉ်ကြေးဖြင့် သီချင်းထုတ်လွှင့်သည့် ၀က်ဘ်ဆိုက်များတွင် ထုတ်လွှင့်မှုမပြုရန် ဆုံးဖြတ်ခဲ့သည်ဟု သတင်းများ ထွက်ရှိခဲ့သည်။

အွန်လိုင်းသီချင်း ထုတ်လွှင့်မှုနယ်ပယ်တွင် မြန်မြန်ဆန်ဆန် ဖြစ်ထွန်းခဲ့သည့် Spotify က အဒဲလ်၏ ၂၅  အယ်လ်ဘမ်ကို ၎င်းတို့၏ ၀က်ဘ်ဆိုက်တွင် နားဆင်နိုင်မည်မဟုတ်ဟု အတည်ပြုခဲ့သည်။

“အဒဲလ်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ အလေးထားပါတယ်။ Spotify ၀က်ဘ်ဆိုက်မှာရှိတဲ့ သူ့ရဲ့ပရိသတ်တွေအတွက် 25 အယ်လ်ဘမ်ကို နားဆင်နိုင်ဖို့ အခွင့်အရေးပေးမယ်လို့ မျှော်လင့်ထားတယ်။ သူ့ရဲ့ 19  နဲ့ 21 အယ်လ်ဘမ်တွေတုန်းကလည်း ၀က်ဘ်ဆိုက်မှာ ထုတ်လွှင့်ခွင့် ရခဲ့တယ်”ဟု ဆွီဒင်ကုမ္ပဏီ Spotify မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့အတူ Apple Music ကလည်း 25 အယ်လ်ဘမ်ကို ယင်းဝက်ဘ်ဆိုက်တွင် ထုတ်လွှင့်ခွင့်မရခဲ့ဟု အတည်ပြုခဲ့သည်။ အဒဲလ်၏ ပြောခွင့်ရပုဂ္ဂိုလ်များကမူ အဆိုပါသတင်းအတွက် မှတ်ချက်မပေးခဲ့ပေ။

အဒဲလ်၏ ၂၅ အယ်လ်ဘမ်သည် တေလာဆွစ်ဖ်၏ 1989 အယ်လ်ဘမ်ကို ကျော်တက်ပြီး ၂၀၁၅ ခုနှစ်တွင် အရောင်းသွက်ဆုံး အယ်လ်ဘမ်ဖြစ်လာမည်ဟု Billboard မဂ္ဂဇင်းက ခန့်မှန်းထားသည်။

အဒဲလ်သည် အွန်လိုင်းသီချင်း ထုတ်လွှင့်သည့် ၀က်ဘ်ဆိုက်များထံမှ လစဉ်ကြေး ရရှိမည်ဖြစ်သော်လည်း စီဒီရောင်းချမှုကို ပိုမိုအလေးထားမည်ဟု ယူဆကြောင်း ဂီတအသိုင်းအ၀န်းမှ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ အဒဲလ်၏ ၂၀၁၁ ခုနှစ်က ဖြန့်ချိခဲ့သည့် ၂၁ အယ်လ်ဘမ်သည် ကမ္ဘာတစ်ဝန်းချပ်ရေ သန်း ၃၀ ကျော် ရောင်းချနိုင်ခဲ့ပြီး ဗြိတိန်တွင် ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်အဖြစ် စံချိန်တင်ခဲ့သည်။

အဆိုတော် တေလာဆွစ်ဖ်သည်လည်း ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့သည့် 1989 အယ်လ်ဘမ်ကို Spotify ၀က်ဘ်ဆိုက်တွင် ထုတ်လွှင့်ခြင်းကို ပိတ်ပင်ခဲ့သည်။

သတင်းအပြည့်အစုံကို ဖတ်ရှုရန် >>>> CLICK ME





No comments:

Post a Comment